Search This Blog

Monday, November 13, 2017

Sunday, July 10, 2016

ကံအကြောင်း

ကံ ဆိုတာဘယ်လိုဟာပါလိမ့် တစ်ချို့တွေပြောပြောနေတာ ကံကိုမယုံပါဘူးဆိုပြီး အပီ ပြောနေတာတွေကြားကြားနေရလို့ပါ လက်တွေ့စမ်းကြည့်လို့ရမဲ့နည်းပေးလိုက်မယ်နော် အဆင်ပြေရင် စမ်းကြည့်ကြပါဗျာ ကံဆိုတာ အလုပ်လို့လဲပြောကြတယ် ဟုတ် ပါတယ် ကိုယ်လုပ်လိုက်တဲ့အပေါ်မှာ အခြေခံပြီးဖြစ်လာတာ ကိုး နောက် ပြီး တရားပွဲတွေမှာပြောပြောနေတဲ့ အကြောင်း အကျိုးဆိုတာကိုပါ ။ အသင် အကြောင်းအရာတစ်ခုကိုလုပ်လိုက်လို့ရှိလာတဲ့အကျိုးပါ တော်တော်များများက ကံဆိုရင် အရင် ဘဝက ကိုယ်မသိနိုင်တဲ့အရာတွေဘဲလို့ထင်ကြတယ် ဒီဘဝမှာခုချက်ခြင်းဖြစ်တာတွေရှိပါတယ် အသင်ကအလုပ်ရှင်ကိုဆဲဆိုပြီးထိုးကြိတ်လိုက်မယ်ဆိုရင် အဲ့ဒီအကျိုးကအသင့်ကိုအလုပ်ပြုတ်စေပြီးအခန့်မသင့်ရင်တရားတောင်အစွဲခံရနိုင်တယ် ဒီလိုဘဲကောင်းတာ လုပ်ရင်ကောင်းတာဖြစ်တယ် (စမ်းကြည့်ပေါ့်မယုံရင် အဲ့ဒါတောင်မှအလုပ်ရှင်ကတောင်းပန်ပြီးလုပ်ခိုင်းသေးရင်တော့် ရှေးကံဆိုပြီးသာထည့်တွက်လိုက်ပါတော့် . . .) တစ်ကယ်တန်းအကျိုးပေးခြင်းမတူညီတာတွေလဲရှိပါတယ် တစ်ချို့ကအလွှယ်ခုကောင်းကျိုးပေးပြီး နောက်ဘဝတွေကျရင် အသင်ခံရပြီမှတ်ကရော ဥပမာ - အသင် ငွေတစ်သိန်း မသိတဲ့လုဆီက လိမ်နိုင်ခဲ့မယ်ဆိုရင် မသိတဲ့လူဆိုတော့် လာမတောင်းနိုင်တော့်ဘူး အသင် ငွေတစ်သိန်းသုံးရပီ အဲ့ဒီရဲ့ဆိုးကျိုးက အသင် သိတဲ့အတိုင်းပါဘဲ နောက်ဘဝကျတော့်ပေါ့် လက်ရှိဘဝမှာလဲတွေးကြည့်ပါမကောင်းတခုလုပ်တယ် ကောင်းခံစားရတယ် နောက်ဆိုးမယ် အသင်ကဆေးလိပ်သိပ်ကြိုက်တတ်သူဆိုပါစို့ သောက်တုန်းမှာတော့်ဘယ်လိုအရသာပြောမလဲ အရန်းကောင်းပေါ့် (မသောက်တတ်ရင်သောက်တတ်တဲ့သူဆီမေးကြည့်နော် မဖြေလဲ သိချင်ရင် စွဲအောင်သောက်ကြည့်ပေါ့် . ဟိ . . စတာနော်) နောင်တစ်ချိန်အသင်၏အဆုတ် ဟာဘယ်လိုရှိမယ်ဆိုတာလဲအထူးပြောစရာမလိုပါဘူး ခဏ အတောအတွင်းမှာကောင်းနေပေမဲ့ အသင့်ကို အဆုတ်ရောဂါနဲ့သတ်ပလိုက်နိုင်ပါတယ် ဒါဟာအကင်းလေးပါ မကောင်းမှုတစ်ခုရဲ့စွမ်းအားဘယ်လောက်ကြီးလဲ အသင်ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ် အသင်အဆုတ်ကိုကျန်းမာစေတဲ့အစာ / ဆေး အသင်စားမိမှာပါ ဒီအခါ အသင့် အဆုတ်ကဒဏ်ရာဟာသက်သာလာပါလိမ့်မယ် **ဥပမာပြောတာပါနော် ရှည်နေမှာစိုးလို့အဆုတ်ကိုထိခိုက်စေတဲ့နည်းလမ်းတွေတော့်အများကြီးပါ အဲ့ဒါတွေစုပြီးလဲဖြစ်နိုင်ပါတယ် ဒီလိုဘဲ မကောင်းမှုတွေအတူတူစုပြီး လက်တွဲညီညာ အကျိုးပေးဖို့စောင့်နေတတ်ပါတယ် ကောင်းမှုတွေကလဲဒီလိုပါဘဲ ရောဂါကတော့် နောက်ဘဝထိမလိုက်နိုင်ပေမဲ့ ကိုယ်လုပ်လိုတဲ့အကြောင်း အားလုံးကလုပ်လိုက်တဲ့အချိန်ကနေစပြီးအကျိုးပေးဖို့နောက်ဆုံးဘဝထိလိုက်နေပါလိမ့်မယ် ကောင်းမှုလေးတွေဟာ မကောင်းမှုလေးတွေကို အားနည်းသွားစေနိုင်ပါတယ် မကောင်းမှုကို နောက်ပိုင်းမလုပ်မိစေတော့်ဘဲ ကောင်းမှုတွေဘဲလုပ်သွားမယ်ဆို ကောင်းမှုအင်အားက မကောင်းမှုလေးတွေကိုဖုန်းနိုင်လာပါလိမ့်မယ် ကောင်းမှုများများပြုလုပ်နိုင်ကြပါစေခင်ဗျာ . . . . . . . .

Tuesday, June 14, 2016

ငယ်ငယ်ကမကျေနပ်ချက်ကလေး

အသင် ဘယ်သူ့ကိုဘယ်လောက်ချစ်ပါသလဲ . လွှယ်ပါတယ်ကျွှန်တော်ကတော့် ကျွှန်တော့် ကိုယ်ကျွှန်တော်ဘဲ ချစ်ပါတယ်လို့ရဲရဲ ဝံ့ ဝံ့ ပြောရဲပါတယ် ငယ်ငယ်က ၆တန်းကျောင်းသားဘဝမှာ အဲ့စကားပြောမိလို့ ဆရာကပက်ပက်စက်စက် ဆူတာခံလိုက်ရသေးတယ် အဲ့ဒါလေးလဲမမမေ့နိုင်လို့ရေးဖြစ်တာပါ မကျေမနပ်စိတ်လေးနဲ့မို့ အမှားပါရင်လဲခွင့်လွှတ်ကြပါ ဆရာက မင်းတစ်ကိုယ်ကောင်းသမား မင်းအရန်းအောက်တန်းကျတယ်ဘာညာနဲ့ပေါ့်ဗျာ ထားပါ ပြောချင်တာက ကိုယ့်ကိုယ်ကိုယ်သေချာဆန်းစစ်ကြည့်ပါ ကျွှန်တော်တို့ဟာပုထုဇဉ်လူသားတွေပါ ပရဟိတစိတ်ဝင်စားတယ်ဆိုရင်တောင် အသင်ချက်ချင်းအသေခံပြီး သူတစ်ပါးကိုလှူနိုင်ပါ့မလား ရည်ရွှယ်ထားရင်တောင်အတော် ခက်တယ်နော် အသက်ကိုပေးလှူခြင်းဆိုတာမျိုးက တစ်ကယ်မွှန်မြတ်တဲ့သူတွေမှလုပ်နိုင်တာပါ ရပ်ကွက်ကောင်းကျိုးဆိုပြီးအာဏာပါ ရောရချင်နေရင် မဟုတ်သေးပါဘူး ကိုယ့်ကုမဏီကကားသွားမရလို့လမ်းပြင်ပြီး လူအများသွှားရေး လာရေး အဆင်ပြေအောင်လှူပါတယ်ဆိုတာက အများအကျိုးကြည့်တာဖြစ်နိုင်ပါ့မလား (ဥပမာပြောတာပါနော် )တစ်ခြားလူတွေပါရောပြီးအဆင်ပြေတာတော့်ကောင်းပါတယ် အကျွှန့်ကိုပြောခဲ့တဲ့ဆရာတောင်သိရသလောက် အများအတွက်ဆိုပြီး စွန့်လွှတ်ဖူးပါဘူး(ထင်တာပါ) အချစ်ဆိုတာ တဏှာကဆင်းတက်လို့ လိုချင်တပ်မက်ခြင်းတဲ့ ဒီတော့် ကိုယ့်ကိုယ်ကိုယ်တပ်မက်တဲ့ စိတ်ဟာ အကျွှန်တို့မှာရှိပါတယ် အသင် အသင့်သားကိုချစ်ပါလိမ့်မယ် ဘာလို့လဲဆိုတော့် အသင့်သားဖြစ်နေလို့ပါ ငါဆိုတဲ့အစွဲကြောင့်သာ ငါနဲ့ဆက်စပ်တဲ့ ငါ့သားဆိုပြီးချစ်နေရတာပါ ကိုယ်ရွှာကိုယ်ချစ်တဲ့စိတ်ဟာလဲအဲ့လိုပါဘဲ ပြန်ပြောခွင့်မရှိဘဲ မပြောတတ်ဘဲငြိမ်နေခဲ့ဖူးတာပါ တစ်ကယ် ကိုယ်ရွှာကိုယ်ချစ်တဲ့စိတ်ဟာရှိသင့်တယ်ဆိုရင် ထိုအရာဟာကိုယ့်ကိုယ်ကိုယ်ချစ်တဲ့စိတ်ကဖြစ်လာတာပါ စဉ်းစားမိဖို့ကောင်းပါတယ် သက်ရှိအတော်များများဟာ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ပါတယ် ခင်ဗျာ တစ်ဦးတစ်ယောက်အတွက်သာရည်ရွယ် ၍ ပြောခွင့်မရတဲ့စကားလုံးလေးတွေရင်ဖွှင့်ရုံသာမို့ ဖတ်မိလို့အဆင်မပြေရင် sorry ပါနော် . . . . .

Thursday, November 19, 2015

ပတ်ဝန်းကျင်အကြောင်း

လူ့ဘဝကိုစတင်ရခဲ့ပြီဆိုတာနဲ့ ပတ်ဝန်းကျင်ဆိုတာကိုစတင်ရင်ဆိုင်ရပါတယ် အမေဝမ်းတွင်းထဲဝယ် မိမိစရောက်ပြီဆိုကတည်းက ကိုယ့်ကိုပတ်ဝန်းကျင်ကစတင်အသိအမှတ်ပြုလိုက်လေပြီ တိုက်ခိုက်ဖို့လား လူမိုက်လေးဖြစ်အောင်လား ကောင်းအောင်လားပေါ့် မမွေးခင်ကတည်းကဘာဖြစ်တယ်ညာဖြစ်တယ် ပတ်ဝန်းကျင်ကအရင်အားဖြည့်နေပြီးသားပါ -ဟိုကောင်မတောင်ဟိုလူဆိုးကြီးနဲ့ယူလိုက်သတဲ့ -အေးလေဒီလိုကောင်မမျိုးဒီလိုလူနဲ့ရမှာပေါ့် -အေးမွေးလာတဲ့ကလေးကတော့် -အယ် လူဆိုးသားလူဆိုးလေးဘဲဖြစ်မှာပါလေ :ပြောကြပါတယ်သူ့ဖာသူချစ်လို့ကြိုက်လို့ယူတာကိုအပြစ်ပြောတယ် ထားပါ အဲ့ထက်အများကြီးဆိုးသေး ဘယ်လိုပုံပန်းသဏ္ဍာန်မှန်း မသိရသေးတဲ့ ဟာလေးကိုတောင်ဝိုင်းပြီးအရောက်ပို့လိုက်ကြသေး လူတစ်ယောက်ရဲ့ဘဝအနေအထားဟာ ရှေးအတိတ်ကံရယ် မိဘတို့အကြောင်းရယ် ပတ်ဝန်းကျင်ရယ် ဒီသုံးခုကြားမှာဖြစ်တည်နေတယ်ထင်ပါတယ်ဗျာ ပတ်ဝန်းကျင်ဟာလူတစ်ဦးဘဝအတွက်အလွန်ခွန်အားကြီးပါတယ်နော် ဒါကြောင့်လဲရှေးစကားပုံတစ်ခုမှာ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ( မုဆိုးမများများရှိတာ ဟုတ်ဘူးနော် ဟိ, . . .စတာပျင်းနေမှာစိုးလို့ ဒီခေတ်ဒီခါအမဲလိုက်တဲ့မုဆိုးကရှားပြီကိုး ပေါတာက အဲ့ဒါ မှားမှာစိုးလို့ ) လို့ဆိုတယ်ထင်ပဗျာ ဘုရားဟောတဲ့ဇာတ်ထဲမှာလဲအရှိသား သံဃာတော်တွေသီတင်းသုံးတဲ့လှိုင်မှာနေတဲ့ လင်နို့တွေအကြောင်းလေ သူတော်ကောင်းနားနေတော့်လဲ အဲ့လိုပေါ့် ။ ကိုယ်ကကောင်းချင်ပေမဲ့တစ်ခါတစ်ရံ တွန်းပို့လိုက်တဲ့ပါတ်ဝန်းကျင်ကြောင့် လူမိုက်တွေဖြစ်ကြရသတဲ့ ကောင်းစေချင်လို့ပြောတာဘဲဖြစ်ဖြစ် သူတို့စိတ်နဲ့မကိုက်တဲ့အခါ အဆိုးဘက်ကိုရောက်သွားတတ်ကြတယ်လေ ။ ။ ဒါကြောင့်မြတ်ဗုဒ္ဓကအချိန်မတန်သေးသူကို တရားမဟောသေးဘဲအချိန်တန်မှဟောတာပေါ့် တစ်ကယ်လို့ အချိန်မတန်ဘဲ ဟောကြည့်ပါလား တရားကိုနားမဝင်ဘဲ ဒီကိုယ်တော်ဘာတွေလာပြောနေလဲမသိ အလကားဟာတွေဆိုရင် ဒီစိတ်ကလေးနဲ့တင် အပြစ်တွေတစ်ပုံကြီးနော် မဂ်ဖိုလ် နဲ့ဝေးရချဉ်ရဲ့လေ။ တစ်ကယ်ပါပတ်ဝန်းကျင်ဟာအမျိုးမျိုးစွမ်းဆောင်ရည်ရှိပါတယ် ကိုယ်လိုချင်တဲ့သတင်းမှန်သမျှကိုပေးစွမ်းနိုင်တယ် အမှန်အမှားတော့်ချင့်ချိန်ပေါ့် နောက်ပြီးပညာတွေ ဗဟုသုတတွေ အဲ့မှာလဲကောင်းတာပါရဲ့မကောင်းတာပါရဲ့ဗျာ အခုဆိုပိုလို့တောင်မြင့်လာသေး လူမှုကွန်ယက် ပတ်ဝန်းကျင်ကြီးတွေပါတိုးတက်လာပြီဆိုတော့် ရွှာစွန်တောကြားမှာ ရွှေမိအပေါ့်သွားတာကအစ အတင်းတွေဘာတွေအုပ်တာတွေ အသိပညာပေးတဲ့အရာတွေ ဝန်ဆောင်မှုတွေ အစရှိသဖြင့်ပါ အဆင့်ကိုမြင့်မားလို့ပေါ့်ဗျာ ဒီလိုပါဘဲသတင်းဟာအတင်းကစတယ်ထင်ပါ့ဗျာ တစ်ချို့ကအတင်းအုပ်တာမကောင်ဘူးထင်ကြတယ် ဒါဟာသတင်းပေး သတင်းယူအုပ်စုငယ်လေးပါ အတွေ့အကြုံအသိပညာကြီးသူတွေပါတဲ့ဝိုင်းမှာဆိုမှတ်သားစရာတွေ ပါတတ်ပါတယ် ဘယ်သူကတော့်အရင်က မြင်းလဲမောင်းပြီး အခု ချမ်းသာသွားပြီလေ အဲ့လိုဖြစ်အောင်လဲဘယ်လိုကြိုးစားသွားတာကော တော်လိုက်တာဆိုတာကနေ ကိုယ်လဲဘယ်လိုလုပ်ရင် ကြီးပွားနိုင်တယ်ဆိုတာသင်ယူနိုင်ရင်. . . . . . . နောက် ဘာသာရေး လူမှုရေး ကျမ်းမာရေး ကောင်းတာလေးတွေရှာမှီးနိုင်ရင်ဒါဟာအကျိုးရှိသွားတာပါဘဲ အတင်း စကားဝိုင်းတိုင်းတော့်ဟုတ်ဘူးနော် အတင်းဆိုတာကသူများမကောင်းကြောင်းမို့မကောင်းဘူးလို့ဆိုပေမဲ့ဆောင်ရန်ရှောင်ရန်လေးတွေကို မိမိကိုယ်တိုင်ချင့်ချိန်ဆုံးဖြတ်နိုင်တာပေါ့်နော် ( ကလေးတွေရှေ့မှာဆိုရင်တော့်သတိထားပေါ့် တစ်ချို့အတွေ့အကြုံနုငယ်တော့်မှတ်သားလွှယ်တယ်ယုံလွှယ်တယ် မကောင်းတဲ့ကိစ္စ တွေကြားမိရင်လဲအတုခိုးလိုက်လုပ်တတ်တယ်ပေါ့်ဗျာ) ပတ်ဝန်းကျင်ဆိုတဲ့အထဲမှာ အတင်းစကားလဲ ချန်မထားသင့်ဘူးထင်ပါတယ် ပတ်ဝန်းကျင်ရဲ့ပုတ်ခတ်မှုကိုထိုအရာကလဲစွမ်းဆောင်ပေးတယ်လေ ပြီးတော့်အတင်းဆိုတဲ့အထဲကိုတစ်ချို့ကစကားဝိုင်း လေးတွေပါရောထည့်တတ်ကြပါတယ်နော် တိုးတက်လာတော့်ရှေးကလူနဲစုဝိုင်းကနေ အခုတော့် ကမ္ဘာအနှံ့ ဝိုင်းလို့ရတဲ့သတင်းစကားဝိုင်းများပေါ့်ဗျာ internet တို့phone တို့ဆိုတာလဲအကျိုးရှိရှိ မှီဝဲနိုင်ပါတယ် အလ္လာဘ တို့အပျော်တို့ဆိုရင်တော့် အဲ့ထဲမှာဘဲ ။ ။ ။ ပတ်ဝန်းကျင်ကိုအပြစ်မရှာဘဲ ပိုပြီးအကျိုးရှိအောင်အသုံးပြုနိုင်ပါစေ ရေးရင်းအတင်းအကြောင်းရောက်သွားပြီ ပတ်ဝန်းကျင်ဆိုတာက အဆိုးကပိုများကောင်းများနိုင်ပါလိမ့်မယ် ပတ်ဝန်းကျင်ဆိုတဲ့အထဲမှာ သင်ကိုယ်တိုင်လဲပါတယ်နော် ( ဆဲချင်သွားပြီလား ) တစ်ကယ် သင်နဲ့သင့်မိတ်ဆွေနှစ်ယောက်မှာ သင့်မိတ်ဆွေဟာ သင့်ပတ်ဝန်းကျင်အစိတ်အပိုင်းဖြစ်သလို သင်ဟာလဲသင့်မိတ်ဆွေရဲ့ပတ်ဝန်းကျင်အစိတ်အပိုင်းတစ်ခုပါဘဲ စမ်းကြည့်နိုင်တယ်နော် သင့်မိတ်ဆွေစိတ်ဆင်းရဲအောင် ပျော်အောင် သင်ဖန်တီးပေးနိုင်တယ် တော်ရုံအယုံလွယ်သူကိုဆို သင်အစွမ်းရှိရင်ဖျက်ဆီးပြစ်နိုင်တယ်နော် ပိုပြီးတိုးတက်လာအောင်လဲစွမ်းဆောင်နိုင်တယ် ယုံလား ပျော်အောင်စိတ်ဆင်းရဲအောင်ဆိုတာက လွယ်ပါတယ် တစ်ခါတစ်ရံမှာစကားလေးတစ်ခါပြောရုံနဲ့ဖြစ်နိုင်တယ် ရှေးအခါကလို့ငယ်ငယ်ကနားထောင်ခဲ့ဖူးတဲ့အထဲမှာ ခြင်္သေ့သားနဲ့ ဆင်းကိုစားချင်တဲ့မြေခွေး ဟာဘယ်လိုလုပ်ခဲ့လဲ ဒီလိုပါဘဲ ။ ။ ။ ပတ်ဝန်းကျင်ကိုချဉ်းတစ်ချို့ကအမြဲပြသနာရှာချင်တယ် ပြန်စဉ်းစားပါ သင်ဟာလဲသူတို့ပတ်ဝန်းကျင်ရဲ့အစိတ်အပိုင်းတစ်ခုပါသင်ကိုယ်တိုင်တောင်စိတ်ထားဘယ်လောက်ကောင်းနိုင်လို့လဲ လူအားလုံးလို့မဆိုလိုပါဘူး ကောင်းတဲ့သူတွေအမျာကြီးရှိမှာပါ ဇာတ်တော်ထဲက ဓမ္မပါလတို့ရွှာကလူတွေအားလုံးတောင် ငယ်ငယ်နဲ့မသေကြဘူး အားလုံးငါးပါးသီလလုံသေးတာဘဲ ပတ်ဝန်းကျင်ကောင်းရှိသူတွေ စိတ်နှလုံးကောင်းမွှေးနိုင်သူတွေရှိကြမှာပါ ပတ်ဝန်းကျင်ကဆိုးနေတိုင်း အဆိုးကိုတွန်းပို့နေတိုင်း ကိုယ်လိုက်ဆိုးနေစရာတော့်မလိုပါဘူး အမှားအမှန်ကိုဆင်ခြင်ပါ သင်အောင်မြင်တိုင်းပတ်ဝန်းကျင်က လိုလိုလားလားလက်ခုတ်တီးနေမှာမဟုတ်ပါဘူး လက်ခုတ်တီးနေရင်တောင် အဲ့ဒီလက်တွေက သင့်ကိုပြန်ရိုက်ချမယ့်လက်တွေဖြစ်နေနိုင်ပါတယ် ။ ပတ်ဝန်းကျင်ဆိုတာတစ်ကယ်တော့်မရှိလို့လဲမဖြစ်ဘူးမှုတ်လားဗျာ ။ မသုံးတတ်ရင်တော့် . . . , . . .တစ်ခါတစ်ရံကျတော့်လည်း ဘေးပေါ့်ဗျာ ဘေးဖြစ်တတ်တာကပိုများပါတယ် ။ ကဲပတ်ဝန်းကျင်မကောင်းကြောင်းဆက်ရအောင် (ပတ်ဝန်းကျင်ကလာရိုက်တော့်မှာပါဘဲဗျာ) လူတစ်ကာကကိုယ့်အပေါ်ကောင်းတယ်လို့ထင်ထားသူက ကိုယ့်အပေါ်အရန်းဆိုးတဲ့သူလဲဖြစ်နေတတ်တယ်နော် အဲ့အကြောင်းသာကိုယ်ကသိနေ လို့ကတော့် ပတ်ဝန်းကျင်နဲ့ကိုယ်နဲ့ကြားမှာ မဟာအလွှဲကြီးပေဘဲ နောက်ပတ်ဝန်းကျင်အမြင်ကိုဂရုစိုက်လွန်းလို့အလွဲကြီးလွှဲခဲ့သူတွေအများကြီးနော် တစ်ချို့ကောင်မလေးတွေဆိုကိုယ်ချစ်တဲ့ဘဲကြီးမယူဘဲ ပတ်ဝန်းကျင်ကချစ်ပြီး ပါးစပ်ဖောင်းပေးလိုက်တဲ့ ဘဲကြီးယူပြီး တစ်သက်စာဖူဖူလုံလုံလောက်လောက်ငှငှ ကြီးစိတ်ဆင်းရဲ နေတဲ့ စော်ကြီးတွေအများကြီးနော် ဘဲတွေကထားပါတော့် ပတ်ဝန်းကျင်ထက် ကိုယ့်ဆုံးဖြတ်ချက်ကိုပို မြတ်နိုးတဲ့သူများလို့လေ အကုန်လုံးကိုမပြောဘူးနော် ခပ်ဂေါက်ဂေါက်အတွေးမျိုးရှိတဲ့ဘဲကြောင်တွေ အများကြီးဘဲကိုဗျာ . . , . .ဟဲ , . . , . .ဟဲ . . , . . , . .

Saturday, October 10, 2015

တန်ဖိုးဖြတ်ကြည့်ခြင်း

တန်ဖိုးကိုသင်မည်သို့ ဆုံးဖြတ်သနည်း ။ ထင်ပါတယ်တစ်ချို့ကတော့် ၁၀၀၀၀ တန်ပစည်းတစ်ခုဟာတစ်သောင်းတန်ပေါ့် အဲ့လိုလူတွေတွေ့နေရတာများပါတယ် တစ်ကယ်တော့်ပစ္စည်းကိုတန်ဖိုးမထားတတ်သူတွေကြောင့် တစ်ချို့ပစ္စည်းတွေဟာလည်းတန်ဖိုးထားသူတစ်ချို့မမျှော်မန်းနိုင်လောက်အောင်ဈေးကြီးသွားတတ်တယ်လို့ ထင်ပါတယ် တစ်ချို့တွေတစ်ကယ်ရှိပါတယ်နော် အလကားရတဲ့ပစ္စည်အလကားတန်ဖိုးမထားတတ်ကြဘူးဆိုပြီး ကလေးလိုချင်နေတဲ့အရုတ်လေးဝယ်ပေးချင်တာတောင်မင်းအဆင့်ဘယ်လောက်ရမှ ဆိုပြီးလုပ်တတ်ကြပါတယ်တစ်ခါကအကြောင်းလေးပေါ့်Guitter ဝါသနာပါပြီးသင်ချင်တဲ့သူငယ်ချင်းတစ်ယောက်ကိုGuitterသင်တဲ့ ဆရာတစ်ယောက်ကအလကားရရင်တန်ဖိုးမထားတတ်ကြဘူးဆိုပြီး ငွေပေးမှသင်ပေးနိုင်မယ်ပေါ့် သူလဲရရာလေးကို စုဆောင်းနေပါတယ် ဒါပေမဲ့ စေတနာကောင်းတဲ့ဆရာတစ်ယောက်ကတော့် အခကြေးငွေမယူဘဲ သင်ပေးလိုက်ပါတယ် အလကားရတယ်ဆိုပေမဲ့ သူတန်ဖိုးမဲ့သူမလုပ်ခဲ့ပါဘူး တစ်ချို့ကတော့်ငွေပေးသင်ပြီး စိတ်မဝင်စားကြတာတွေလဲရှိကြပါရဲ့ တစ်ကယ်တော့်ပစ္စည်းတစ်ခုရဲ့တန်ဖိုးဟာသူ့ရဲ့အသုံးဝင်မှုပေါ်မှာသာတည်ရှိပါတယ် ငွေကြေးဈေးနှုန်းနဲ့မဆိုင်ပါဘူး ဈေးကြီးတဲ့ပစ္စည်းကပိုတန်ဖိုးရှိတယ်ဆိုရင်မှားနေတယ်ထင်ပနော် ကိုယ်နဲ့မအပ်စပ်တဲ့အရာကိုဈေးကြီးပေးဝယ်ထားခြင်းဟာသင့်အတွက်အကျိုးရှိမှာမဟုတ်ပါဘူး လက်သမားမလုပ်မလုပ်တတ်ဘဲ လက်သမားသုံးပစ္စည်းအစုံဝယ်စုနေလို့ ဘယ်မှာ များစွာအကျိုးကြီးအံ့နည်း ဥပမာဆိုပါစို့လူတိုင်းအသုံးပြုနေတဲ့ ဖိနပ်တစ်ရံ အရည်အသွေးတူ အဆင်တူ အမျိုးအစားတူ ဆိုင်တစ်ဆိုင်မှာ၁၀၀၀၀ ပေးရပြီးတစ်ဆိုင်မှာက၁၂၀၀၀ပေးရတယ်ဆိုပါစို့ ဘယ်အရာက ပိုတန်ဖိုးရှိမည်ထင်ပါသနည်း။ ကျွန်တော်ကတော့် တန်ဖိုးချင်းတူပါတယ်လို့သတ်မှတ်ပါတယ် ဈေးနှုန်းကတော့် သင့်ရွှေးချယ်မှုပါဘဲ နောက်ထပ် အရန်းကောင်းတဲ့ computer တစ်လုံးဟာ game သာဆော့်တတ်တဲ့သူရဲ့လက်ထဲမှာမှာ game ဆော့်ရုံ game စက်တစ်ခုလောက်သာတန်ဖိုးရှိပါလိမ်မယ် သို့သော် programmer တစ်ယောက်ရဲ့လက်ထဲမှာဆို မည်မျှတန်ဖိုးရှိလိုက်မည်နည်း ။ ။ ။

ပထမဆုံးမို့စမ်းရေးရင်း ရေးလိုက်ပါတယ်နော် စိတ်မဆိုးကြေး

ကျွန်တော့်blog စာမျက်နှာကိုလဲလာရောက်လည်နိုင်ပါတယ်နော် www.shnvera.blogsport.com တဲ့ အလည်လာကြပါအုံးနော်

Monday, October 5, 2015

ခင်စရာကောင်းတဲ့ဖုတ်

မင်္ဂလာပါ အော်လုပ်ပြန်ပြီ ဖုတ်အကြောင်းရေးမယ်ပါဆိုမင်္ဂလာတဲ့လား အဲ့လိုလဲဟုတ်ပါဘူး ဖတ်တဲ့သူကိုနှုတ်ဆက်လိုက်တာပါဗျာ သရဲအကြောင်းစုထားတဲ့ဟာ လေးတွေဖတ်ပြီး သရဲတွေ  တစ္ဆေ တွေဖုတ်တွေဆို
မကောင်းချဉ်းပြောကြလွန်းလို့မခံမရပ်နိုင်ဖြစ်ပြီးကြားဖူးနားဝ   အဲကြားဖူးနားဝဆိုမှ ဒီဇာတ်လမ်းကအရင်ရေးထားတဲ့သူရှိလားမသိဘူး ရှိရင်လဲခွင့်လွှတ်ပါလို့ ဦးနှောက်ကသိပ်မကောင်းလေ   တော့် ကြားဖူးတာလားဖတ်ဖူးတာလားမသိတော့်ဘူး



  1.     အစချီပြီနော်  ခုမှ  တစ်ခါတုန်းကပေါ့် ရွှာတစ်ရွှာမှာ (ရှေးရိုးတိုင်းဘဲစလိုက်ပါတယ် ပြီးနံမည်မပါအောင်ရေးလိုက်တော့်မယ်) လယ်ယာလုပ်စားကြတဲ့မိသားစုလေးတစ်ခုလေးတစ်ခုမှာတဲ့    လင်တော်မောင်ပိုးထိလို့ဆိုပြီး အသက်မမှီမှန်းသိနေပေမဲ့ ရွှာကိုသယ်မယ်အလုပ် ငေါက်ကနဲထထိုင်ပြီး ရုတ်တရက်ပြန်ကောင်းလာသတဲ့ဗျာ အဲ့နောက်မှာတော့် ဖုတ်ဝင်နေမှန်းသိသွားကြတာ  ပေါ့်ဗျာ ဒါပေမဲ့အဲ့မှာထူးဆန်းတာက ဖုတ်ကိုမကြောက်ကြဘူးတဲ့လေ ဘယ်ကြောက်နိုင်မလဲနော် အတော်အတန် မပျောက်ကင်းနိုင်တဲ့ရောဂါဝေသနာတွေဆိုရင်သူ့ဆီသာသွားငွေရေးကြေးရေး အဓိကမထားဘဲ ကုသပေးနေတာ ထိခိုက်ရှနာ အနာအဖုလေး  တွေကစ ဆရာဝန်အကြီးကြီးတွေမတတ်နိုင်တဲ့ ရောဂါသည်    တွေနဲ ငွေမရှိလို့ အသေခံဖို့စောင့်ဆိုင်းနေရသူတွေအကုန်ပျောက်ဆိုဘဲ ပြီးသဘောကောင်းချက်က သူ့ကိုဖုတ်မှန်းစသိကြချိန်သူကလည်းဝန်ခံရှာတယ် ပြီးတော့်သူ့မိန်းမတွေ သားသမီးလေးတွေကိုလဲ သူနဲ့မနေရဲရင်အိမ်ခွဲနေပါ့မယ်ဆိုပြီးနေစရာလေးပေးပါတောင်းသတဲ့ ရွှာထဲကလူတွေကလည်းကြောက်ချက်ကမ်းကုန် အိမ်တစ်အိမ်ကိုရွှာစွန်နားမှာတောင်ဝိုင်းဆောက်ပေးလိုက်ကြသတဲ့ ရွှာသားတွေမကြည်ရောခံနိုင်ရိုးလား ရွှာနည်းချုပ်စပ်ရောရွှာထဲရော ဖြစ်လာသမျှရောဂါသူ့ဆီမှာဘဲကုပျေက်ကြရတယ်မှုတ်လားဟဲဟဲ . . . .

   ရွှာသားတွေကဆို ဖူးဖူးမှုတ် အမဲသားဝယ်ပို့သူနဲ့ဘာနဲဟာ သူကလည်း သဘောကောင်းမနောကောင်းဖုတ်ကြီး အသားမရတဲ့နေ့တွေဆိုလဲ ဘယ်သူ့ကိုမှဒုက္ခမပေးရှာဘူး ကြိတ်မှိတ်နေလိုက်တာပါဘဲ ဒါတောင်သနားတတ်တဲ့ရွှာသားတို့က အိမ်ကကြက်ကလေးဘာလေးပို့ပေးသေးသဗျာ
 သူ့ရဲ့အတိတ်ဘဝအကြောင်းလေးကို ပြန်လည်ပြောပြရှာလေတော့်လဲသနားစရာဗျာ . . .
  သူကအရင်ဘဝက သူများကိုဝါသနာအရရော စေသနာအပြည့်နဲ့ပါ အရန်းဆေးဝါးကုသပေးချင်တဲ့ဆေးကျောင်းသားလေးတစ်ယောက်ပေါ့် စာကလည်းအရန်းတော်ဆိုတော့်မြန်မာနိုင်ငံမှာပါမက နိုင်ငံရပ်ခြားမှာပါဆေးပညာကို ကြိုးစားလေ့လာသင်ယူခဲ့ပါသတဲ့ နောက်ပညာစုံချိန်မြန်မာနိုင်ငံ ပြန်လာချိန်မှာ နယ်မြေမအေးချမ်းမှုတွေတွေကြောင့် ဆေးမကုစားရသေးခင်မှာ ကျဉ်ဆံဆိုတာနဲ့မိတ်ဖွဲ့ပြီး သေရွှာလားရသတဲ့လေ ဒါကြောင့်ခုလိုဖုတ်ဝင်ခွင့်ရတုန်း ဝါသနာမသေသေးတဲ့ ဆရာဝန်လေးက လူတွေကိုဆေးကုသပေးတော့်တာပေါ့် ဖုတ်အစွမ်းကလဲပါတယ်ထင်ပ လာသမျှရောဂါမပျောက်တာရှားဆိုပါဘဲတဲ့လေ
  ရွှာကိုတစ်ခါတစ်ရံ ဆရာတွေရောက်ရောက်လာပြီး ဖုတ်ထုတ်ဖို့လုပ်ရင် ဖုတ်ကတောင်ဘာမှလုပ်စရာမလိုသေးဘူး ဆရာကိုရွှာသားတွေဝိုင်းဆော်တာနဲ့ပြေးရသဗျာ (ကိုင်းဆရာသမားတို့ရော အဲ့လိုဖုတ်ကြီးကိုယ့်နေရပ်နားခေါ်မထားချင်ဘူးလားနော်  . . ဟိ. . စတာပါ) နောက်တော့်လဲအချိန်တန်တော့် မသင့်တော်ဘူးဆိုပြီး ဖုတ်ကလဲ ထွက်မယ်ပြောပါရော ရွှာနီးချုပ်စပ်မှာရောဂါသည်လဲမရှိလေလောက်အောင်ဖြစ်နေပြီကို အဲ့မှာရွှာလူကြီးတို့များနေလိုရင်ပျော်သလောက်နေဖို့ပြောပြီး ရွှာသားတွေဝမ်းနည်းကြသေးတယ်နော် နောက်တော့်ဖုတ်လဲ အားလုံးကိုနှုတ်ဆက်လို့ထွက်သွားပါသတဲ့ကွယ်
  အဲ့ရွှာနားမှာတော့်နောက်ပိုင်း ရောဂါတစ်ခုခုဖြစ်ရင်အမှတ်ရနေကြရတာတော့် ဘယ်သူကိုမှဒုက္ခပေးမသွားဘဲ သူတတ်ထားရှာတဲ့ပညာနဲ့လူသားတွေကိုအကျိုးပြုသွားတဲ့ သူ့ကိုဘဲဖြစ်လိမ့်မယ်ထင်ပါတယ်ဗျာ ။ ။  ။

Sunday, September 13, 2015

စပ်မိစပ်ရာကဗျာလေးများ

ကမ်းဘေးကကောင်မ လေး


         


     

အလှန်းဝေးတဲ့ တစ်နယ်တစ်ကျေး
     ကမ်းနဘေးက အလန်းလေးရယ်
     အလွမ်းလေးကတော့် နေညိုလာတိုင်း
     ဆီးကြိုရှာတယ် ။
     တစ်ခါကဆိုတဲ့ အလွှမ်းစိတ်နဲ မှေးအိပ်လိုက်တိုင်း
     အိပ်ယာပေါ်မှာ သတိရမိနေတာက
     စိတ်အနာတွေကို ချစ်စရာအပြုံးလေးနဲ့ပေးခဲ့တဲ့
     ဆိတ်သာကကောင်မလေး ။



ဆူးနဲ့လူထက်စူးတတ်သူ


         


     

အန္တရာယ်သာ လာစမ်းပါဘိ
     ဘယ်ညာပြန် လာမစမ်းနဲ့
     နင်သာခံ ပြန်သွားရမယ်
     ဆူးနဲ့လူသား ။
     ဆူးတော့်ရယ် ဆူးနဲ့ပါဘဲ
     စူးမိတိုင်း ရူးကြလောက်အောင်တော်
     မစွမ်းဆောင်နိုင် ဘူးခဲ့တာကြောင့်
    စူးမိလို့ ရူးခဲ့ရပြန်တော့်
    ရူးတတ်တဲ့ ဆူးရဲ့အရှင်ရယ်
    သနားလဲ့ပါလား ။