တန်ဖိုးကိုသင်မည်သို့ ဆုံးဖြတ်သနည်း ။ ထင်ပါတယ်တစ်ချို့ကတော့် ၁၀၀၀၀ တန်ပစည်းတစ်ခုဟာတစ်သောင်းတန်ပေါ့် အဲ့လိုလူတွေတွေ့နေရတာများပါတယ် တစ်ကယ်တော့်ပစ္စည်းကိုတန်ဖိုးမထားတတ်သူတွေကြောင့် တစ်ချို့ပစ္စည်းတွေဟာလည်းတန်ဖိုးထားသူတစ်ချို့မမျှော်မန်းနိုင်လောက်အောင်ဈေးကြီးသွားတတ်တယ်လို့ ထင်ပါတယ် တစ်ချို့တွေတစ်ကယ်ရှိပါတယ်နော် အလကားရတဲ့ပစ္စည်အလကားတန်ဖိုးမထားတတ်ကြဘူးဆိုပြီး ကလေးလိုချင်နေတဲ့အရုတ်လေးဝယ်ပေးချင်တာတောင်မင်းအဆင့်ဘယ်လောက်ရမှ ဆိုပြီးလုပ်တတ်ကြပါတယ်တစ်ခါကအကြောင်းလေးပေါ့်Guitter ဝါသနာပါပြီးသင်ချင်တဲ့သူငယ်ချင်းတစ်ယောက်ကိုGuitterသင်တဲ့ ဆရာတစ်ယောက်ကအလကားရရင်တန်ဖိုးမထားတတ်ကြဘူးဆိုပြီး ငွေပေးမှသင်ပေးနိုင်မယ်ပေါ့် သူလဲရရာလေးကို စုဆောင်းနေပါတယ် ဒါပေမဲ့ စေတနာကောင်းတဲ့ဆရာတစ်ယောက်ကတော့် အခကြေးငွေမယူဘဲ သင်ပေးလိုက်ပါတယ် အလကားရတယ်ဆိုပေမဲ့ သူတန်ဖိုးမဲ့သူမလုပ်ခဲ့ပါဘူး တစ်ချို့ကတော့်ငွေပေးသင်ပြီး စိတ်မဝင်စားကြတာတွေလဲရှိကြပါရဲ့ တစ်ကယ်တော့်ပစ္စည်းတစ်ခုရဲ့တန်ဖိုးဟာသူ့ရဲ့အသုံးဝင်မှုပေါ်မှာသာတည်ရှိပါတယ် ငွေကြေးဈေးနှုန်းနဲ့မဆိုင်ပါဘူး ဈေးကြီးတဲ့ပစ္စည်းကပိုတန်ဖိုးရှိတယ်ဆိုရင်မှားနေတယ်ထင်ပနော် ကိုယ်နဲ့မအပ်စပ်တဲ့အရာကိုဈေးကြီးပေးဝယ်ထားခြင်းဟာသင့်အတွက်အကျိုးရှိမှာမဟုတ်ပါဘူး လက်သမားမလုပ်မလုပ်တတ်ဘဲ လက်သမားသုံးပစ္စည်းအစုံဝယ်စုနေလို့ ဘယ်မှာ များစွာအကျိုးကြီးအံ့နည်း ဥပမာဆိုပါစို့လူတိုင်းအသုံးပြုနေတဲ့ ဖိနပ်တစ်ရံ အရည်အသွေးတူ အဆင်တူ အမျိုးအစားတူ ဆိုင်တစ်ဆိုင်မှာ၁၀၀၀၀ ပေးရပြီးတစ်ဆိုင်မှာက၁၂၀၀၀ပေးရတယ်ဆိုပါစို့ ဘယ်အရာက ပိုတန်ဖိုးရှိမည်ထင်ပါသနည်း။ ကျွန်တော်ကတော့် တန်ဖိုးချင်းတူပါတယ်လို့သတ်မှတ်ပါတယ် ဈေးနှုန်းကတော့် သင့်ရွှေးချယ်မှုပါဘဲ နောက်ထပ် အရန်းကောင်းတဲ့ computer တစ်လုံးဟာ game သာဆော့်တတ်တဲ့သူရဲ့လက်ထဲမှာမှာ game ဆော့်ရုံ game စက်တစ်ခုလောက်သာတန်ဖိုးရှိပါလိမ်မယ် သို့သော် programmer တစ်ယောက်ရဲ့လက်ထဲမှာဆို မည်မျှတန်ဖိုးရှိလိုက်မည်နည်း ။ ။ ။
ပထမဆုံးမို့စမ်းရေးရင်း ရေးလိုက်ပါတယ်နော် စိတ်မဆိုးကြေး
ကျွန်တော့်blog စာမျက်နှာကိုလဲလာရောက်လည်နိုင်ပါတယ်နော် www.shnvera.blogsport.com တဲ့ အလည်လာကြပါအုံးနော်