Search This Blog

Sunday, July 10, 2016

ကံအကြောင်း

ကံ ဆိုတာဘယ်လိုဟာပါလိမ့် တစ်ချို့တွေပြောပြောနေတာ ကံကိုမယုံပါဘူးဆိုပြီး အပီ ပြောနေတာတွေကြားကြားနေရလို့ပါ လက်တွေ့စမ်းကြည့်လို့ရမဲ့နည်းပေးလိုက်မယ်နော် အဆင်ပြေရင် စမ်းကြည့်ကြပါဗျာ ကံဆိုတာ အလုပ်လို့လဲပြောကြတယ် ဟုတ် ပါတယ် ကိုယ်လုပ်လိုက်တဲ့အပေါ်မှာ အခြေခံပြီးဖြစ်လာတာ ကိုး နောက် ပြီး တရားပွဲတွေမှာပြောပြောနေတဲ့ အကြောင်း အကျိုးဆိုတာကိုပါ ။ အသင် အကြောင်းအရာတစ်ခုကိုလုပ်လိုက်လို့ရှိလာတဲ့အကျိုးပါ တော်တော်များများက ကံဆိုရင် အရင် ဘဝက ကိုယ်မသိနိုင်တဲ့အရာတွေဘဲလို့ထင်ကြတယ် ဒီဘဝမှာခုချက်ခြင်းဖြစ်တာတွေရှိပါတယ် အသင်ကအလုပ်ရှင်ကိုဆဲဆိုပြီးထိုးကြိတ်လိုက်မယ်ဆိုရင် အဲ့ဒီအကျိုးကအသင့်ကိုအလုပ်ပြုတ်စေပြီးအခန့်မသင့်ရင်တရားတောင်အစွဲခံရနိုင်တယ် ဒီလိုဘဲကောင်းတာ လုပ်ရင်ကောင်းတာဖြစ်တယ် (စမ်းကြည့်ပေါ့်မယုံရင် အဲ့ဒါတောင်မှအလုပ်ရှင်ကတောင်းပန်ပြီးလုပ်ခိုင်းသေးရင်တော့် ရှေးကံဆိုပြီးသာထည့်တွက်လိုက်ပါတော့် . . .) တစ်ကယ်တန်းအကျိုးပေးခြင်းမတူညီတာတွေလဲရှိပါတယ် တစ်ချို့ကအလွှယ်ခုကောင်းကျိုးပေးပြီး နောက်ဘဝတွေကျရင် အသင်ခံရပြီမှတ်ကရော ဥပမာ - အသင် ငွေတစ်သိန်း မသိတဲ့လုဆီက လိမ်နိုင်ခဲ့မယ်ဆိုရင် မသိတဲ့လူဆိုတော့် လာမတောင်းနိုင်တော့်ဘူး အသင် ငွေတစ်သိန်းသုံးရပီ အဲ့ဒီရဲ့ဆိုးကျိုးက အသင် သိတဲ့အတိုင်းပါဘဲ နောက်ဘဝကျတော့်ပေါ့် လက်ရှိဘဝမှာလဲတွေးကြည့်ပါမကောင်းတခုလုပ်တယ် ကောင်းခံစားရတယ် နောက်ဆိုးမယ် အသင်ကဆေးလိပ်သိပ်ကြိုက်တတ်သူဆိုပါစို့ သောက်တုန်းမှာတော့်ဘယ်လိုအရသာပြောမလဲ အရန်းကောင်းပေါ့် (မသောက်တတ်ရင်သောက်တတ်တဲ့သူဆီမေးကြည့်နော် မဖြေလဲ သိချင်ရင် စွဲအောင်သောက်ကြည့်ပေါ့် . ဟိ . . စတာနော်) နောင်တစ်ချိန်အသင်၏အဆုတ် ဟာဘယ်လိုရှိမယ်ဆိုတာလဲအထူးပြောစရာမလိုပါဘူး ခဏ အတောအတွင်းမှာကောင်းနေပေမဲ့ အသင့်ကို အဆုတ်ရောဂါနဲ့သတ်ပလိုက်နိုင်ပါတယ် ဒါဟာအကင်းလေးပါ မကောင်းမှုတစ်ခုရဲ့စွမ်းအားဘယ်လောက်ကြီးလဲ အသင်ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ် အသင်အဆုတ်ကိုကျန်းမာစေတဲ့အစာ / ဆေး အသင်စားမိမှာပါ ဒီအခါ အသင့် အဆုတ်ကဒဏ်ရာဟာသက်သာလာပါလိမ့်မယ် **ဥပမာပြောတာပါနော် ရှည်နေမှာစိုးလို့အဆုတ်ကိုထိခိုက်စေတဲ့နည်းလမ်းတွေတော့်အများကြီးပါ အဲ့ဒါတွေစုပြီးလဲဖြစ်နိုင်ပါတယ် ဒီလိုဘဲ မကောင်းမှုတွေအတူတူစုပြီး လက်တွဲညီညာ အကျိုးပေးဖို့စောင့်နေတတ်ပါတယ် ကောင်းမှုတွေကလဲဒီလိုပါဘဲ ရောဂါကတော့် နောက်ဘဝထိမလိုက်နိုင်ပေမဲ့ ကိုယ်လုပ်လိုတဲ့အကြောင်း အားလုံးကလုပ်လိုက်တဲ့အချိန်ကနေစပြီးအကျိုးပေးဖို့နောက်ဆုံးဘဝထိလိုက်နေပါလိမ့်မယ် ကောင်းမှုလေးတွေဟာ မကောင်းမှုလေးတွေကို အားနည်းသွားစေနိုင်ပါတယ် မကောင်းမှုကို နောက်ပိုင်းမလုပ်မိစေတော့်ဘဲ ကောင်းမှုတွေဘဲလုပ်သွားမယ်ဆို ကောင်းမှုအင်အားက မကောင်းမှုလေးတွေကိုဖုန်းနိုင်လာပါလိမ့်မယ် ကောင်းမှုများများပြုလုပ်နိုင်ကြပါစေခင်ဗျာ . . . . . . . .

Tuesday, June 14, 2016

ငယ်ငယ်ကမကျေနပ်ချက်ကလေး

အသင် ဘယ်သူ့ကိုဘယ်လောက်ချစ်ပါသလဲ . လွှယ်ပါတယ်ကျွှန်တော်ကတော့် ကျွှန်တော့် ကိုယ်ကျွှန်တော်ဘဲ ချစ်ပါတယ်လို့ရဲရဲ ဝံ့ ဝံ့ ပြောရဲပါတယ် ငယ်ငယ်က ၆တန်းကျောင်းသားဘဝမှာ အဲ့စကားပြောမိလို့ ဆရာကပက်ပက်စက်စက် ဆူတာခံလိုက်ရသေးတယ် အဲ့ဒါလေးလဲမမမေ့နိုင်လို့ရေးဖြစ်တာပါ မကျေမနပ်စိတ်လေးနဲ့မို့ အမှားပါရင်လဲခွင့်လွှတ်ကြပါ ဆရာက မင်းတစ်ကိုယ်ကောင်းသမား မင်းအရန်းအောက်တန်းကျတယ်ဘာညာနဲ့ပေါ့်ဗျာ ထားပါ ပြောချင်တာက ကိုယ့်ကိုယ်ကိုယ်သေချာဆန်းစစ်ကြည့်ပါ ကျွှန်တော်တို့ဟာပုထုဇဉ်လူသားတွေပါ ပရဟိတစိတ်ဝင်စားတယ်ဆိုရင်တောင် အသင်ချက်ချင်းအသေခံပြီး သူတစ်ပါးကိုလှူနိုင်ပါ့မလား ရည်ရွှယ်ထားရင်တောင်အတော် ခက်တယ်နော် အသက်ကိုပေးလှူခြင်းဆိုတာမျိုးက တစ်ကယ်မွှန်မြတ်တဲ့သူတွေမှလုပ်နိုင်တာပါ ရပ်ကွက်ကောင်းကျိုးဆိုပြီးအာဏာပါ ရောရချင်နေရင် မဟုတ်သေးပါဘူး ကိုယ့်ကုမဏီကကားသွားမရလို့လမ်းပြင်ပြီး လူအများသွှားရေး လာရေး အဆင်ပြေအောင်လှူပါတယ်ဆိုတာက အများအကျိုးကြည့်တာဖြစ်နိုင်ပါ့မလား (ဥပမာပြောတာပါနော် )တစ်ခြားလူတွေပါရောပြီးအဆင်ပြေတာတော့်ကောင်းပါတယ် အကျွှန့်ကိုပြောခဲ့တဲ့ဆရာတောင်သိရသလောက် အများအတွက်ဆိုပြီး စွန့်လွှတ်ဖူးပါဘူး(ထင်တာပါ) အချစ်ဆိုတာ တဏှာကဆင်းတက်လို့ လိုချင်တပ်မက်ခြင်းတဲ့ ဒီတော့် ကိုယ့်ကိုယ်ကိုယ်တပ်မက်တဲ့ စိတ်ဟာ အကျွှန်တို့မှာရှိပါတယ် အသင် အသင့်သားကိုချစ်ပါလိမ့်မယ် ဘာလို့လဲဆိုတော့် အသင့်သားဖြစ်နေလို့ပါ ငါဆိုတဲ့အစွဲကြောင့်သာ ငါနဲ့ဆက်စပ်တဲ့ ငါ့သားဆိုပြီးချစ်နေရတာပါ ကိုယ်ရွှာကိုယ်ချစ်တဲ့စိတ်ဟာလဲအဲ့လိုပါဘဲ ပြန်ပြောခွင့်မရှိဘဲ မပြောတတ်ဘဲငြိမ်နေခဲ့ဖူးတာပါ တစ်ကယ် ကိုယ်ရွှာကိုယ်ချစ်တဲ့စိတ်ဟာရှိသင့်တယ်ဆိုရင် ထိုအရာဟာကိုယ့်ကိုယ်ကိုယ်ချစ်တဲ့စိတ်ကဖြစ်လာတာပါ စဉ်းစားမိဖို့ကောင်းပါတယ် သက်ရှိအတော်များများဟာ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ပါတယ် ခင်ဗျာ တစ်ဦးတစ်ယောက်အတွက်သာရည်ရွယ် ၍ ပြောခွင့်မရတဲ့စကားလုံးလေးတွေရင်ဖွှင့်ရုံသာမို့ ဖတ်မိလို့အဆင်မပြေရင် sorry ပါနော် . . . . .